May Myat Noe Will Be No Longer Pacific World Winner | venuscurves
  • BEAUTY IS ONLY SKIN DEEP!!!!

    May Myat Noe Will Be No Longer Pacific World Winner



    miss asia pacific အဖွဲ့ အစည်းကထုတ်ပြန်တဲ့စာထဲမှာ မေမြတ်ကလိမ်ညာတယ်။
    သူ့ ကို သရဖူရအောင်ဝိုင်းပြီးပံ့ပိုးပေးခဲ့ကြတဲ့အဖွဲ့ အစည်း၊ဒါရိုက်တာ၊မန်နေဂျာ၊မီဒီယာ၊သူ့ ပရိသတ်ကို ဘယ်တုန်းကမှ လေးစားသမှုမရှိခဲ့ဘူးတဲ့။မေမြတ်နိုးမိခင်နဲ့ ပတ်သက်ပြီး သူ့ တို့ ရှော့ ဖြစ်အချက်ကသူမိခင်အတွက် တရားဝင်ဖိတ်ကြားတဲ့စာကိုထုတ်ပေးခဲ့ပေမယ့် မေမြတ်နိုးရဲ့ အမေဟာ ကိုရီးယားသွားဖို့ ၃လဗီဇာကိုတရားမ၀င်နည်းနဲ့ ကြိုးစားခဲ့တယ်။အသေးစိတ်မပြောချင်တဲ့အချက်တွေလည်းရှိပါတယ်တဲ့။အရှင်းဆုံးပြောရရင်တော့ မေမြတ်နိုးကို အဖွဲ့ အစည်းကယုံကြည်မှုမရှိတော့လို့  ၂၀၁၄ သရဖူရမယ်တစ်ယောက်ရဲ့ တာဝန်တွေကိုထမ်းဆောင်နိုင်မယ်လို့ မထင်တော့ဘူးတဲ့။မေမြတ်နိုးမြန်မာပြည်ကိုပြန်ရောက်ရင်သရဖူကို နေရှင်နယ်ဒါရိုက်တာမလှနုထွန်းထံကိုပြန်အပ်ရပါမယ်။အလှမယ်အသစ်ကိုတော့ သူတို့ ထပ်မံရွေးချယ်ပါမယ်။
    မေးစရာမေးခွန်းများရှိရင်တော့ လှနုထွန်းထံကိုဆက်သွယ်ပါတဲ့။

    တတ်ကျွမ်းသူများပြန်ဆိုထားတဲ့ဘာသာပြန်တွေ့ ရင်တော့ ထပ်တင်ပေးပါမယ်။ခုတော့ ကိုယ်နားလည်သလောက်ဘာသာပြန်တင်ပေးလိုက်ပါတယ်။

    V Curves

    0 comments:

    Post a Comment