ဂျူးစံသာရဲ့ မိခင်ထံမှ မလှနုထွန်းထံပေးစာ | venuscurves
  • BEAUTY IS ONLY SKIN DEEP!!!!

    ဂျူးစံသာရဲ့ မိခင်ထံမှ မလှနုထွန်းထံပေးစာ


    လေးစားရပါသော ဆရာမ လှနုထွန်းရှင့် ! ကျွန်မသည် ဂျူးစံသာ ၏ မိခင် ဖြစ်ပါသည် ။ ဆရာမအနေဖြင့် Miss Globe Myanmar National Director တစ်ဦး၏ အခွင့်အာဏာအရ ကျွန်မ၏သမီးဖြစ်သူ ဂျူးစံသာအား သရဖူ သိမ်းကြောင်း facebook မှ သတင်းထုတ်ပြန်သည့် ညမှစပြီး ထိုသတင်းထုတ်ပြန်မှုနှင့် ပတ်သတ်၍ မေးမြန်းရန် တစ်ခါဆက်သွယ်လျှင် ၁၀ကြိမ်ထက်မနည်း ဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသော်လည်း ဖုန်းကိုင် ဖြေကြားခြင်း မရှိခဲ့ပါ ။ ယခု နောက်ဆုံးအနေဖြင့် ယနေ့ ( 3 Aug 2014 ) နေ့လည်ပိုင်းတွင် ဆရာမထံသို့ အကြိမ်ကြိမ် ဖုန်းခေါ်ဆိုခဲ့ပါသော်လည်း ဆရာမ၏ လက်ထောက်ဝန်ထမ်းဖြစ်သူ၏ ဖြေကြားချက်အရ ဆရာမ နှင့် ဆရာမ အမျိုးသား ၏ ဖုန်းနှစ်ခုလုံး အိမ်မှာထားရစ်ခဲ့၍ အစည်းအဝေးသွားနေပါသည်ဟူသော စကားအရလည်းကောင်း ၊ ထိုစကားကြားပြီးနောက် ၅ မိနစ်အတွင်း ထပ်မံ ဖုန်းခေါ်ဆိုခဲ့ရာ " I am in the meeting " ဟူသော ဆရာမ၏ message အရ လည်းကောင်း ၊ ယနေ့ည ၁၀နာရီကျော်ခန့်တွင်လည်း အကြိမ်ပေါင်းများစွာ ထပ်မံ ဖုန်းခေါ်ဆိုခဲ့ပါသော်လည်း ဖုန်းကိုင်ခြင်း မပြုသည့်အပြင် " ကျေးဇူးပြု၍ ဖုန်းကိုင်ပေးပါ ဆရာမ " ဟု message ပို့ခဲ့ပါသော်လည်း ဖုန်းမကိုင်သည့်အတွက် ယခုကဲ့သို့ facebook စာမျက်နှာမှ တဆင့် ဆက်သွယ်ရခြင်း ဖြစ်ပါသည် ။
    ဆရာမသည် ကျွန်မသမီး ဂျူးစံသာအား facebook စာမျက်နှာမှတဆင့် သရဖူသိမ်းကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သော်လည်း ယခုချိန်ထိ National Director တစ်ယောက်အနေဖြင့် တရာဝင် စာထုတ်ပြန်ပေးခြင်း မရှိခဲ့ပါ ။ ယခုချိန်တွင် ဆရာမသည်လည်း Miss Globe Myanmar 2014 နေရာအား လူစားထိုး ရသွားပြီ ဖြစ်ပါသဖြင့် ဂျူးစံသာအား Miss Globe Myanmar 2014 အဖြစ်မှတာဝန် ရပ်စဲကြောင်း ၊ ဆရာမ လှနုထွန်း နှင့် ဆရာမ၏ အမျိုးသား ဦးဖြိုးပိုင်ဦး ၊ Style Plus H (Logo H ) တို့နှင့် လုံးဝ မသက်ဆိုင်တော့ကြောင်း တရားဝင် official letter ထုတ်ပေးပါရန် လေးစားစွာဖြင့် အနူးအညွတ် တောင်းခံအပ်ပါသည်ရှင် ။
    လေးစားစွာဖြင့်
    သင်းသင်း
    (ဂျူးစံသာ ၏ မိခင် )

    0 comments:

    Post a Comment