မြန်မာအလှမယ်ရဲ့စိတ်ထား ရိုးသားဖြူစင်မှုကို ကမ္ဘာတစ်ဝန်းလုံး သိသွားအောင် ကြိုးစားသွားမယ့် Miss Universe ဖိုင်နယ်ပြိုင်ပွဲအတွက် မဲအများဆုံး ရရှိထားသူ ဇွန်သံစဉ် | venuscurves
  • BEAUTY IS ONLY SKIN DEEP!!!!

    မြန်မာအလှမယ်ရဲ့စိတ်ထား ရိုးသားဖြူစင်မှုကို ကမ္ဘာတစ်ဝန်းလုံး သိသွားအောင် ကြိုးစားသွားမယ့် Miss Universe ဖိုင်နယ်ပြိုင်ပွဲအတွက် မဲအများဆုံး ရရှိထားသူ ဇွန်သံစဉ်


    စန္ဒီ
    နိုင်ငံတကာပြိုင်ပွဲအပါအဝင် Miss ပြိုင်ပွဲ အတွေ့အကြုံတွေ ရရှိထားပြီး ကြိုတင်လေ့ကျင့်ပြင်ဆင်မှုတွေ အများကြီး ပြုလုပ်ထားတဲ့ မော်ဒယ်လ်ဇွန်သံစဉ်နဲ့ ဇူလိုင်၂၆ရက်နေ့မှာ ကျင်းပသွားမယ့် Miss Universe နောက်ဆုံးဖိုင်နယ်ပွဲအကြောင်း အကြိုတွေ့ဆုံမေးမြန်းခဲ့တာကတော့ “Voting Result မှာ ပထမနေရာက ရပ်တည်နေတာ ကြာပြီဆိုတော့ ဇွန်သံစဉ်ရဲ့ စိတ်ခံစားချက် ဖီလင်ကတော့ သံစဉ်ကို အားပေးနေကြတာသိရလို့ အရမ်းပဲဝမ်းသာမိပါတယ်။ အရမ်းလည်း ရင်ခုန်နေပါတယ်။ သံစဉ့်ကို အားပေးကြတဲ့ ပရိသတ်ကြီးကြောင့် သံစဉ် အခုလို ရပ်တည်နိုင်တာပါ။ အလုပ်များနေတဲ့ကြားထဲက အချိန်ပေးပြီး မဲပေးကြတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ သံစဉ် ရှေ့ဆက်ကြိုးစားဖို့လည်း ခွန်အားတွေ အများကြီးရပါတယ်။ ဆက်ပြီးတော့လည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်။”လို့ သူမက ပြောပါတယ်။
    မနှစ်ကတည်းက ပြိုင်ချင်ပေမယ့် အသက်မမှီသေးတာကြောင့် မပြိုင်ဖြစ်ခဲ့တဲ့ သူမက “သံစဉ်အသက်မမီလို့ မပြိုင်ဖြစ်ခဲ့ ရပေမယ့် ခြောက်လလောက် GYMဆော့ဖြစ်တယ်။ ဘာသာစကားလေ့လာမှု၊ အထွေထွေ ဗဟုသုတ လေ့လာမှုတွေလည်း လုပ်ဖြစ်တယ်။ လိုအပ်တာတွေ ပြင်ဆင်ဖို့ အချိန်ပိုရသွားတယ်လို့ ပြောရမှာပါ”တဲ့။
    တကယ်လို့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ဖြစ်ခွင့်ရခဲ့မယ်ဆိုရင် ဘာတွေကို ပြုလုပ်သွားချင်လဲ ဆိုတာ မေးမြန်းကြည့်လိုက်တဲ့အခါမှာတော့ “မြန်မာအလှမယ်တစ်ယောက်ရဲ့ စိတ်ထားရိုးသားဖြူစင်မှုကို ကမ္ဘာတစ်ဝန်းက အလှမယ်တွေ သိရှိအောင် ကြိုးစားသွားမှာပါ။ ဆုရရှိတာ၊ မရရှိတာထက် စိတ်ဓာတ်ပေါင်းစုံ၊ နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံတွေနဲ့ တွေ့ဆုံရာမှာ စိတ်ထားရိုးသားဖြူစင်စွာ ဆက်ဆံနိုင်ဖို့၊ သည်းခံနိုင်စိတ်ရှိဖို့ လိုအပ်မယ်လို့ထင်ပါတယ်။ ယှဉ်ပြိုင်ရာမှာလည်း အကောင်းဆုံးကြိုးစားဖို့ လိုအပ်မှာပါ။ Miss Universe ပြိုင်ပွဲ သွားပြိုင်ခွင့်ရရင်လည်း ဟိုမှာ စကားပြန်တော့ရှိမယ်လို့ သိရပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ပေါင်းသင်းဆက်ဆံရေးအတွက် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုက မဖြစ်မနေ လိုအပ်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် use to ဖြစ်အောင် လေ့ကျင့်နေပါတယ်။ အထွေထွေ ဗဟုသုတအတွက်ကတော့ စာများများဖတ်ပါတယ်။ မသိသေးတာတွေအများကြီး ရှိတဲ့အတွက် လေ့လာမှုတွေ လုပ်နေပါတယ်။ နောက်ဆုံးဖိုင်နယ်ပွဲစဉ်နဲ့ ပတ်သက်ပြီးပြောချင်တာကတော့ သံစဉ်ကို အားပေးကြတဲ့ ပရိသတ်ကြီးအားလုံးကို အရမ်းချစ်ပါတယ်။ သံစဉ်နောက်ဆုံးအဆင့် ပြိုင်ပွဲမှာအကောင်းဆုံးကြိုးစားသွားပါမယ်။ အားပေးကြပါဦး”လို့ သူမက ပြောသွားပါတယ်။
    Trend Myanmar

    0 comments:

    Post a Comment