Miss Universe Myanmar 2014 | venuscurves
  • BEAUTY IS ONLY SKIN DEEP!!!!

    Miss Universe Myanmar 2014


     နှစ်ပေါင်း ၅၀ ကျော်အတွင်း ဒုတိယ အကြိမ်မြောက်အဖြစ် Miss Universe Myanmar 2014 အလှမယ် ရွေးချယ်ပွဲကို ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာ ဇူလိုင် ၂၆ ရက် စနေနေ့ညက ကျင်းပပြုလုပ်သွားပါတယ်။
    နောက်ဆုံးအဆင့် Miss Universe Myanmar 2014 ဆုကို (ခါးနံပါတ် ၁၈) သျှားထွဋ်အိန္ဒြာက ရရှိသွားပြီး 1st Runnerupကို ယွန်းမီမီကျော်၊ 2nd Runnerup ကို ရွှေစင်ကိုကိုတို့က ဆွတ်ခူးရရှိသွားကြပါတယ်။
    မြန်မာကိုယ်စားပြု Miss Universe Myanmar 2014 အရွေးခံရသူ သျှားထွဋ်အိန္ဒြာဟာ အမေရိကန်နိုင်ငံ လက်စ်ဗီးဂက်စ်မြို့မှာ ပြုလုပ်မယ့် Miss Universe ပြိုင်ပွဲ သို့သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
    Credit : DVB

    0 comments:

    Post a Comment