"မယ်စကြာ ၀ဠာ၂၀၁၄ ပြိုင်ပွဲ" | venuscurves
  • BEAUTY IS ONLY SKIN DEEP!!!!
    "မယ်စကြာ ၀ဠာ၂၀၁၄ ပြိုင်ပွဲ"
    • Miss Universe Myanmar 2014 •
    ယခုနှစ် ၂၀၁၄ ဒီဇင်ဘာ အမေရိကန်ပြည်ထောင်စု Las Vegas မြို့တွင် ကျင်းပမည့် "မယ်စကြာ ၀ဠာ၂၀၁၄ ပြိုင်ပွဲ" Miss Universe 2014 Contest တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင် မည့် အလှမယ်တစ်ဦးကို ရွေးချယ်ရန်၊ "မယ်စကြာဝဠာမြန်မာပြိုင်ပွဲ ၂၀၁၄ " Miss Universe Myanmar 2014 Contest ကို၊ ၂၀၁၄ ဇူလိုင် ၂၆ ရက် စနေနေ့ ညနေ ၅း၃၀ နာရီတွင် ရန်ကုန် မြို့ အမျိုးသားဇာတ်ရုံတွင် ကျင်းပမည် ဖြစ်ပြီး၊ မြ၀တီ နှင့် မြ၀တီ (documentary) ရုပ်သံလိုင်း များမှ မြန်မာနိုင်ငံ တ၀န်းသို့ တိုက်ရိုက်ထုတ်လွှင့်ပြသမည် ဖြစ်ပါသည်။
    ကမ္ဘာပေါ်တွင် အကြီးကျယ်အခမ်းနာဆုံး အလှမယ်ပြိုင်ပွဲဖြစ်သည့် ၁၉၅၂ တွင် စတင်ကျင်းပခဲ့သော နှစ်စဉ် မယ်စကြာဝဠာပြိုင်ပွဲ (Miss Universe Contest) တွင်၊ မြန်မာနိုင်ငံမှ ၁၉၅၈ ၁၉၅၉ နှင့် ၁၉၆၀ ခုနှစ် များတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး၊ ၁၉၆၀ အမေရိကန်ပြည်ေ ထာင်စု Miami မြို့တွင်ကျင်းပသည့် မယ် စကြာဝဠာပြိုင်ပွဲ ၁၉၆၀ (Miss Universe Contest 1960) တွင် မြန်မာနိုင်ငံမှ (ဒေါ်) မြင့်မြင့်မေ မှ၊ Miss Congeniality ဆုကို ရရှိခဲ့သည်။
    ၅၃ နှစ်အကြာ ၂၀၁၃ ခုနှစ်မှာ၊ မြန်မာနိုင်ငံတွင် "မယ်စကြာဝဠာမြန်မာ ၂၀၁၃ ပြိုင်ပွဲ" Miss Universe Myanmar 2013 Contest ကို ပြန်လည်ကျင်းပခဲ့သောအခါ၊ မိုးစက်ဝိုင် (Moe Set Wine) မှ မယ်စကြာဝဠာမြန်မာ ၂၀၁၃ Miss Universe Myanmar 2013 အဖြစ် အရွေးချယ် ခံရပြီး၊ ၂၀၁၃ နိုဝင် ဘာ ၉ ရက်နေ့ ရုရှသမ္မတနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသည့် "မယ်စကြာ ၀ဠာ၂၀၁၃ ပြိုင်ပွဲ" Miss Universe 2013 တွင် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် Pageant အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့သည်။
    ၂၀၁၄ ဇူလိုင် ၂၅ (သောကြာနေ့ ညနေ ၅း၃၀ နာရီ) အမျိုးသားဇာတ်ရုံတွင် Miss Universe Myanmar 2014 Contest (Final Rehearsal Day - Friday July 25, 2014) "မယ်စကြာဝဠာမြန်မာ ၂၀၁၄ ပြိုင်ပွဲ" ၀တ်စုံပြည့်နောက်ဆုံးလေ့ကျင့်ပွဲ ကျင်းပမည်ဖြစ်ပါသည်။
    ကျေးဇူးတင်ပါသည်..
    MUM Organization
    0 comments:
    Post a Comment