ဘီလျံနာ | venuscurves
  • BEAUTY IS ONLY SKIN DEEP!!!!

    ဘီလျံနာ







    Tao Kae Noi ရေညှိကြော် .. သို့မဟုတ် .. ထိုင်းနိုင်ငံက အသက် ၂၆ နှစ်အရွယ် Billionaire သူဌေးလေး ရဲ့ တကယ့် အဖြစ်အပျက် အကြောင်း

    ထိုင်းနိုင်ငံက အသက် ၂၆ နှစ်အရွယ် Billionaire သူဌေးလေး ရဲ့ တကယ့် အဖြစ်အပျက် အကြောင်းကို  ရုပ်ရှင်  ရိုက်ထားတာပါ။
     ကျောင်းသားလေး ဖြစ်လင့်ကစား အသက် ၁၆ နှစ် နဲ့ ဘတ်ငွေ ၄ သိန်းကို Online Game တွေကရှာခဲ့ပုံ .. ငွေကို ဘယ်လို ရှာရင် ရသလဲ ဆိုတာကို သိသွားတာနဲ့ မရှက်မကြောက် ဆိုင်လေးတွေ ဖွင့်ပြီး စီးပွားရှာခဲ့ပုံ .. တရုတ်လူမျိုး မိဘ နှစ်ပါး .. အကြွေး ဘတ် သန်း ၄ဝ မပေးနိုင်လို့ သားကြီး သမီးကြီး ရှိရာ တရုတ်ပြည်ကို အကြွေးပုန်းဖို့ သွားကြပုံ .. ကျောင်းစာ အပျက်ခံပေမယ့် ကျောင်းက စီးပွားရေးပညာရပ်ကို သူငယ်ချင်းကို အသံသွင်းခိုင်းပြီး အချိန်ရရင် ရသလို လေ့လာပုံ .. မိမိအောင်မြင်မှုကို ယုံကြည်၍ ချစ်သူ နှင့်  ကွဲသည်အထိ ကြိုးစားခဲ့ပုံ .. သက်ကြီး ရွယ်အို ဦးလေးကြီးရဲ့ သူ့ တူတော်မောင်ကို ချစ်ရှာလို့ ဒုက္ခတွေ ဘယ်လောက်ခံစား ခံစား ကူညီခဲ့ပုံကို သရုပ်ဖော်ပြီး ရိုက်ထားတယ်။
    မိဘတွေ တရုတ်ပြည်ကို အကြွေးနဲ့ ထွက်ပြေးသွားတဲ့ နောက်ပိုင်း .. အိမ်လည်း ချိတ်ပိတ်ခံရ .. ငွေအရင်းအနှီးမရှိလို့ .. စိတ်ဓါတ်ကျနေကြပေမယ့် .. တူတော်မောင် နဲ့ ဦးလေးကြီးကြား .. ယုံကြည်ချက်ကို စကားလုံး အမျိုးမျိုး နဲ့ အားပေးတဲ့ အပြန်အလှန် အသုံးအနှုန်းတွေဟာ တကယ့်ကို လေးစားဖို့ကောင်းတယ်။ ငယ်ရွယ်သူတိုင်း ကြည့်သင့်တယ်။ ဟို The Social Network ဇာတ်ကားလို နည်းပညာတတ်မှ ချမ်းသာမယ် ဆိုပြီးမှ မဟုတ်ပါဘူး .. သာမာန် Chestnut ရောင်း၊ ရေညှိကြော်ရောင်းတာက ချမ်းသာသွားတာလေး ရိုက်ထားတာပါ။ ရေညှိဖတ်ကို ဘတ် ၁ သိန်းကျော်ဖိုး ( မြန်မာငွေ သိန်း ၃ဝ ကျော်ဖိုး ) ဝယ်ကြော်ပေမယ့် .. ဦးလေးကြီး နဲ့ တူတော်မောင် ရေညှိကြော်တဲ့ Secret ကို မသိလို့ .. ပြုတ်ပြုတ်ပြုန်းခဲ့ရပုံ .. နောက်ဆုံး မိမိပိုင် ရှိစုမဲ့စု ကွန်ပျူတာတွေ ရောင်းပြီး ထပ်ကြော်ခဲ့ရပုံ .. နောက်ဆုံး ကြော်တဲ့နည်းကို မထင်မှတ်ပဲ တွေ့သွားရာက အောင်မြင်သွားပုံ .. အသက် ၂ဝ ကျော်လေး နဲ့ ဒုက္ခသုတ်ခ ပေါင်းစုံကို မဆုတ်မနှစ်ဇွဲ နဲ့ အောင်မြင်အောင် လုပ်သွားပုံကို ပြထားပါတယ်။
    Mass Production ထုတ်လုပ်မှု အတွက် GMP (Good Manufacturing Practice) အတွက် ဒုက္ခ တော်တော်ရောက်ခဲ့ပုံ။ အသက် ၁၉ နှစ် လည်းဖြစ် .. မိဘ အကြွေး ဘတ် သန်း ၄ဝ အတွက် ဘဏ်က ငွေ မချေးနိုင်လို့ မိမိကားရောင်းပြီး ဘတ်ကား စီးပြန်လာတုန်း မိဘက ပို့လိုက်တဲ့ လေယဉ်လက်မှတ်နဲ့ တရုတ်ပြည်ထွက်ပြေးမလား .. ဒီမှာတင်ပဲ ဖြစ်သလို ရအောင်လုပ်မယ် ဆိုတဲ့ စိတ်ဓါတ်ကို ဒုက္ခခံရွေးချယ်မှုတွေ ပြသထားတာ အတော်ကောင်းတာ တွေ့ရပါတယ်။
    ယနေ့မှာ Top ဆိုတဲ့ ဒီထိုင်းလေးဟာ ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး  (baht) billionaires စာရင်းဝင်ခဲ့ပြီး .. အသက် ၂၁ နှစ်မှာ သူ့မိဘ တင်နေတဲ့ ဘတ် သန်း ၄ဝ ကို ပြန်ဆပ်ပေးခဲ့ပြီး .. သူလက်ရှိ ထိုအိမ်မှာပဲ မိဘနဲ့ အတူတူနေနေကြောင်း .. ထိုဇာတ်ကားပြသခဲ့တဲ့ ၂ဝ၁၁ မှာ အသက် ၂၆ နှစ်ဆိုပေမယ့် .. ဒေါ်လာ သန်း ၄ဝဝ ကျော် ချမ်းသာကြောင်း .. နိုင်ငံပေါင်း ၂၇ နိုင်ငံကျော်ကို သူ့ရေညှိကြော် တင်ပို့ရောင်းချနေကြောင်း .. Korea နိုင်ငံမှာ သူ့ရေညှိစက်ရုံ တည်ထောင်နိုင်ငံကြောင်းကို ဖော်ပြထားပါတယ်။ 

    ထူးခြားတာက ဇာတ်ကားဟာ သရုပ်ဆောင်နေတာနဲ့ မတူအောင် .. သာမန်အပြုအမူ အပြောအဆိုတွေနဲ့ ပြုမူ ပြောဆို နေတဲ့ အတိုင်းတွေ့ရပါလိမ့်မယ်။ ထိုင်းစကားအပြော အဆို အပြုအမူက နုတော့ .. မြန်မာတွေ ကြည့်ရင် တမျိုးဖြစ်နေလိမ့်မယ်။ အမှားတစ်ခုကို နောက် ဘယ်တော့မှ မကျူးလွန်မိအောင် .. ဥပမာ ငွေလာဒ်ထိုးတဲ့ ကိစ္စကို ညစောင့်ကို ငွေပေးမိလို့ ပြသနာတက်ခဲ့စဉ်ကတည်းက သူလေ့လာပြီး နောက်ဒီလို မဖြစ်အောင် နေမယ် ဆိုတဲ့ စိတ်နေစိတ်ထားက အစ တော်တော် အတုယူဖို့ကောင်းပါတယ်။ အပြောအဆို ဆက်ဆံမှု ဘယ်လောက် အရေးကြီးတယ်က အစ သေချာကို ပြသွားတယ်။ လူငယ်တွေ စိတ်ဓါတ်မြှင့် တင်တဲ့ သဘောမျိုး နဲ့ ကြည့်သင့်တယ်။ ငယ်ရွယ်သူဖြစ်ပေမယ့် ဒုက္ခတွေ ဘယ်လောက်များများ ယုံကြည်မှု နဲ့ ဘဝကို အောင်မြင်အောင် လုပ်နိုင်တယ် ဆိုတာကို သေချာပြသွားတယ်။


    ဒါကတော့ Tao Kae Noi ရဲ့ ပိုင်ရှင် ထိုင်းနိုင်ငံက အငယ်ဆုံး Billionaire ရဲ့ပုံပါ။ ဘေးက သူ ထုပ်သမျှထဲက ရေညှိကြော် အထုပ် တစ်ခုပေါ့။
    ချစ်သူရဲ့ အပြုအမူကို နားမလည်ရှာတော့ သူ့ကို ဂရုမစိုက်လေဘူး ဆိုပြီး အခြားယောက်ျားလေးနဲ့ တွဲသွားတဲ့ Top ကောင်မလေးတော့ ထိုင်းက Convenience Store တွေ ဝင်တိုင်း Top ထုပ်ထားတဲ့ Tao Kae Noi ဆိုတဲ့ အထုပ်လေးတွေမြင်တိုင်း နောင်တ ရလေမလား ဆိုပြီး စဉ်းစားမိပါရဲ့။
    လူငယ်တွေ စိတ်ဓါတ်မြင့်တင်စေတဲ့ ရည်ရွယ်ချက်နဲ့ ရေးလိုက်ပါတယ်။

    YouTube Video Link > http://www.youtube.com/watch?v=wGVwvbtUfMk


    လေးစားစွာဖြင့်

    ကိုတိုး 

    0 comments:

    Post a Comment