မော်ဒယ် Alexa | venuscurves
  • BEAUTY IS ONLY SKIN DEEP!!!!
    မော်ဒယ် Alexa
    ဒီဓာတ်ပုံထဲက အမျိုးသမီးက မော်ဒယ်၊ရုပ်မြင်သံကြားအစီအစဉ်တင်ဆက်သူ၊ ဗြိတိသျှ မဂ္ဂဇင်း Vogue မှာ ဖြန့် ချိရေးအယ်ဒီတာအဖြစ်လုပ်ကိုင်ခဲ့ဖူးတဲ့ Alexa Chung ဖြစ်ပါတယ်။သူ့ ကို ၁၉၈၃ နိုဝင်ဘာ ၅ရက်နေ့ မှာမွေးဖွားခဲ့ပါတယ်။ သူ့ အဖေက တရုတ်သွေးစပ်ပြီး မိခင်ကအင်္ဂလိပ်ဖြစ်ပါတယ်။
    ဒါကြောင့်သူ့ နာမည်မှာ Chung ပါနေတာဖြစ်ပါတယ်။
    သူက ဆယ်ကျော်သက်အရွယ်မှာကတည်းက ကိုယ်ဟန်ပြမော်ဒယ်အဖြစ်အလုပ်လုပ်နေပါပြီ။နောက် ဂီတ ဗီဒီယိုတွေမှာလည်းပါဝင်သရုပ်ဆောင်ပါတယ်။
    ၂၀၀၉မှာအမေရိကန်ပြောင်းလာပြီး It's On with Alexa Chung ကို MTV မှာတင်ဆက်ပါတယ်။
    လန်ဒန်က အမျိုးသမီးမဂ္ဂဇင်းတစ်စောင်အတွက်လည်းစာတွေရေးပါတယ်။
    Vogue, Elle နဲ့  Harper's Bazaar စတဲ့နာမည်ကျော်ဖက်ရှင်မဂ္ဂဇင်းတွေမှာအကောင်းဆုံးဝတ်စားဆင်ယင် သူအဖြစ်မကြာခဏဖော်ပြခံရလေ့ရှိတယ်။
    Alexaရဲ့ စရိုက်ကပျော်စရာဖြစ်မဖြစ်ကတော့ သူ့ ရဲ့ ဗီဒီယိုလေးကြည့်မိရင် သိသွားမှာပါ။ အမေရိကန်သမ္မတရဲ့  ကျန်းမာရေးအစီအစဉ်ကို သီချင်းလုပ်ပြီးတင်ဆက်ထားတဲ့ဗီဒီယို ကိုအောက်မှာကြည့်ရှုနိုင်ပါတယ်။
    သူတင်ဆက်ထားတာလေးက သဘောကျစရာပါ။
    အားလုံးပြုံးပျော်နိုင်ကြပါစေ...
    VenusCurves.Com
    0 comments:
    Post a Comment