လွမ်းတဲ့စိတ်(မျိုးကြီး) | venuscurves
  • BEAUTY IS ONLY SKIN DEEP!!!!

    လွမ်းတဲ့စိတ်(မျိုးကြီး)



    Lwan Dae Sate ( Rocker Myo Gyi)
    ဝေးကွာပြီ
    အဖော်တွေကင်းမဲ့ငါ့အခန်းနဲ့ 
    မျှော်လင့်ခြင်းဖျက်ခဲ့သူကြားထဲ
    မိုင်တွေမှန်းဆရန်မလွယ်
    နင်ဟာငါ့ဘ၀ မဖြစ်ဘူး
    တကယ်ဆို ငါဟာနင့်ထက်ပိုပြီး
    ခံစားတတ်ခဲ့သူများလား
    ဒီအချိန်မှာမင်းမရှိတာစိတ်လေတယ်

    တိတ်ဆိတ်ငြိမ်သက်
    ကြေကွဲအိမ်အခန်းကျဉ်းလေးထဲ
    ငါတစ်ယောက်ယောက်နဲ့ စကားပြောချင်တယ်
    သတိရနေတုန်း
    ဘယ်သူများငါ့ဘေးလာနေပေးမလဲ
    မျှော်လင့်ချက်အလင်းရောင်လေးတောင်ဝေး.....
    ဘ၀ဒီမှာငါတစ်ယောက်ထည်း
    စိတ်ဓာတ်ကျတယ်မင်းကိုလွမ်းစိတ်နဲ့ 
    ဘာတွေနဲ့ နှစ်သိမ့်ရမလဲ
    မခံနိုင်အောင်ပဲ
    ဒီရင်မှာချဉ်ခဲ့တယ်
    အိမ်မက်ကြိုးဖြတ်ခဲ့ပါတော့
    အကောင်းဆုံးလမ်းကိုရွေးချယ်
    အနိုင်နဲ့ ပိုင်းခွင့်မင်းယူပါ
    မယုံနိုင်ဘူး....
    မယုံနိုင်ဘူး...
    တို့ အဖြစ်အပျက်မျှော်လင့်ခြင်းတွေအကုန်ကျိုးပျက်
    နင်ယူသွားပေါ့......တို့ ရှေ့ ရေးများ
    ဒီကံကြမ္မာတရားကို တားဆီးမရ....

    တိတ်ဆိတ်ငြိမ်သက်လို့   ကွဲကြေအခန်းကျဉ်းထဲ
    ခွင့်လွှတ်တဲ့စိတ်နဲ့ ဆွံ့ အ....
    ရင်ခွင်မှာပျံ့ နှံ့ ခဲ့ပြီ  အချစ်စိတ် ....
    တကယ်ကိုစုတ်ပြတ်ခဲ့ပြီပဲ....
    ငါ့နှလုံးသား....
    ဘဝ
    ဒီမှာငါတစ်ယောက်ထဲ
    စိတ်ဓာတ်ကျတယ် မင်းကိုလွမ်းစိတ်နဲ့ 
    ဘာတွေနဲ့ နှစ်သိမ့်ထားမလဲ
    မခံနိုင်အောင်ပဲ
    ငါလွမ်းတဲ့စိတ်



    တိတ်ဆိတ်ကွဲကြေအခန်းထဲ
    မင်းမြင်မလား
    ခွင့်လွှတ်တဲ့စိတ်နဲ့ ဆွံ့ အ
    ရင်ခွင်မှာပျံ့ နှံ့ ခဲ့ပြီချစ်စိတ်
    ရင်ခုနှ်ရှင်သန်ချိန်မှာသေအောင်
    အို.....မင်းလုပ်ပစ်ခဲ့
    ဘ၀ ဒီမှာငါတစ်ယောက်ထဲ
    စိတ်ဓာတ်ကျတယ်
    မင်းကိုလွမ်းစိတ်နဲ့ 
    ဘာတွေနဲ့ နှစ်သိမ့်ရမလဲ  ဘေဘီ
    ငါ  လွမ်းတဲ့စိတ်
    ဘ၀ထဲ
    တစ်ယောက်ထဲ
    စိတ်ဓာတ်ကျတယ်
    မင်းကိုငါလွမ်းတယ်
    ဘာတွေနဲ့ နှစ်သိမ့်ရမလဲ
    မခံနိုင်အောင်ပဲ
    ငါ့ရဲ့  လွမ်းတဲ့စိတ်.....

    0 comments:

    Post a Comment